တီရူနယ်ဗယ်လီမှာ စော်တအားကြည်လို့ မိန်းမတစ်ယောက်ထက်မကယူလိုက်တဲ့နာရာယာနာဆိုတဲ့လူတစ်ယောက်ရှိတယ်။မယားကြီးနဲ့ရော မယားငယ်နဲ့ရော မွေးလိုက်တဲ့သားတွေက စိတ်ကြမ်းကိုယ်ကြမ်း လူ့ဘီလူးတွေ။နာရာယာနာကြီး မတော်တဆမှုနဲ့ ချန်နိုင်းမှာလျှောသွားတော့ ဈာပနကျင်းပဖို့အရေးမယားကြီးနဲ့ မယားငယ်ရဲ့ သားသမီးတွေ အလောင်းလုဖို့စိုင်းပြင်းကြပါရော။အလောင်းသွားပို့ရမှာက မွေးခါနီးဖွားခါနီးဇနီးသည်နဲ့ ဒုက္ခများနေတဲ့ ကူးမား။ဇနီးသည်မီးဖွားစရိတ်ရဖို့အရေး အလောင်းပို့မယ်လုပ်တော့ အလောင်းလုမဲ့အရေးသိနေတဲ့နယ်ခံတွေကဘယ်သူမှမလိုက်ရဲကြ။ဒါကိုမသိဘဲ ကူးမားတစ်ယောက် တီရူနယ်ဗယ်လီဆီ အလောင်းတစ်ခု ကိုယ်တစ်ခုရယ်နဲ့ခရီးနှင်လာခဲ့ပြီးလမ်းမှာ ကိုလေပေါတစ်ကောင်က လမ်းကြုံလိုက်လာရာကစ ဘယ်မှာဆုံးမလဲ ခံစားကြည့်ရှုကြပါဦး။
Log in to post a comment.
No comments yet. Be the first to comment!