ချွဲအီဂိုဟာ နာမည်ကြီး MMA Fighter တစ်ယောက်ဖြစ်ပါတယ်…ဒီမတိုင်ခင်မှာ နိုင်ငံဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့ပြီး သူ့ရဲ့ ဒေါသကြီးတဲ့စိတ်ကြောင့် အနီကတ်ပြခံခဲ့ရပါတယ် …အဲ့နောက်မှာတော့ ဘောလုံးကစားသမားအဖြစ်ကနေ နှုတ်ထွက်ပြီး အစ်ကိုဖြစ်သူရဲ့ နည်းပြပေးမှုနဲ့ MMA Fighterဖြစ်လာခဲ့ပါတယ် ….ဒီလိုပြိုင်ပွဲတွေဆင်နွဲနေတုန်း ချွဲအီဂိုရဲ့အစ်ကို ပြန်ပေးဆွဲခံခဲ့ရပါတယ်…အဲ့နောက်မှာ ပြန်ပေးဆွဲသူဟာ ချွဲအီဂိုကို ထူးထူးဆန်းဆန်း ကိစ္စတွေကို ဆက်တိုက်ခိုင်းပါတော့တယ်..ချွဲအီဂိုခမျာ ပြန်ပေးဆွဲသမားရဲ့ ခိုင်းတာတွေကို အသဲအသန်လုပ်ရ အစ်ကိုြဖစ်သူကို ကယ်ဆယ်ဖို့လည်း ကြိုးစားရနဲ့…ချွဲအီဂိုတစ်ယောက် သူ့အစ်ကို ကို ကယ်တင်နိုင်မှာလား…ဘာကြောင့် သူ့အစ်ကို ပြန်ပေးဆွဲခံရတာလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုကြပါနော်..
Log in to post a comment.
No comments yet. Be the first to comment!