ပတ္တရားတစ်မြို့လုံးကို သူ့လက်ထဲထည့်ထားတဲ့ လူဆိုးဂိုဏ်းက ဆရာကြီးတစ်ယောက်ရှိတယ်။သူ့ကို အဲဒီဒေသက ရဲတွေကအစရှောင်ထားကြတယ်။တစ်နေ့ သူက ဘန်ကောက်ကို သူ့လုပ်ငန်းကရတဲ့ငွေတွေပို့ပြီး ရွှေတွေနဲ့လဲပြီး ယူလာဖို့ ရဲတစ်ယောက်ကို ခိုင်းလိုက်တယ်။အဲဒီရွှေတွေကို ဖြတ်လုဖို့ အကွက်ချတဲ့မာစတာမိုင်းက မိန်းမတစ်ယောက်။သူက ဗေဒင်ဆရာလုပ်သလို လူဆိုးဂိုဏ်းမှာလည်းလုပ်တယ်။သူက သူ့အစီအစဉ်ကို အထမြောက်အောင်လုပ်ဖို့ လူတွေစုခဲ့တယ်။တစ်ယောက်က ၁၀မိနစ်အတွင်း လူ၁၀ယောက်လောက်ကို သွေးအေးအေးနဲ့သတ်နိုင်တဲ့ ထောင်ထွက်လူသတ်သမား။တစ်ယောက်က ခုနဆရာကြီးနဲ့ အညှိုးရှိတဲ့သူ။ အဲဒီလူတွေကိုသုံးပြီး ဒီရွှေတွေကိုယူဖို့ကိစ္စအောင်မြင်အောင် သူဘယ်လိုအကွက်ချလဲဆိုတာကိုTwistတွေနဲ့ အခန်းတွေခွဲပြီး တော်တော်ကြည့်ကောင်းအောင်ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ဂန်းစတားကား ငတ်နေတဲ့လူတွေ အကြိုက်တွေ့ကြမယ့် ရုပ်ရှင်လို့လည်း ပြောလို့ရတယ်။
Log in to post a comment.
No comments yet. Be the first to comment!