အိုလ်ဂါနဲ့ဗစ်တာတို့ဟာလင်မယားအဖြစ်မှကွာရှင်းထားပြီးသမီးလေးဗဲရာကိုတစ်ပတ်တစ်ခါအလှည့်ကျကိုယ့်အိမ်မှာကိုယ်ခေါပြီးစောင့်ရှောက်ရပါတယ်။ဗဲရာက ငယ်စဉ်ဘဝက စိတ်ဒဏ်ရာရနိုင်တဲ့အခြေအနေတစ်ခုနဲ့ရင်ဆိုင်ထားရတာကြောင့် မိခင်ဖြစ်သူအိုလ်ဂါကကားလို့စ်ဆိုတဲ့စိတ်ရောဂါကုဆရာဝန်နဲ့ပြခိုင်းထားတယ်။အဲ့ဒီစိတ်ဒဏ်ရာကြောင့် အိုလ်ဂါဟာ တစ်သက်လုံးစုဆောင်းထားတဲ့ပိုက်ဆံတွေကိုသုံးပြီး အခြားတစ်နေရာမှာအိမ်တစ်လုံးဝယ်လိုက်ပြီးသမီးဖြစ်သူနဲ့အတူနေဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်ကိုသန့်ရှင်းရေးလုပ်ရင်းနဲ့ ထူးဆန်းတဲ့သေတ္တာတစ်လုံးတွေ့ခဲ့တယ်။အရင်အိမ်ရှင်ဟောင်းတွေ ကျန်ခဲ့တယ်အထင်နဲ့ထားလိုက်ပေမယ့်စဝယ်တုန်းက ဒီနေရာမှာဘာမှမရှိဘူးဆိုတာတော့သူအသေအချာသိတယ်။သေတ္တာထဲဖွင့်ကြည့်လိုက်တဲ့အခါ ဒိုင်ယာရီစာအုပ်တစ်အုပ်နဲ့ထူးဆန်းတဲ့ပစ္စည်းတွေကိုရှာတွေ့တယ်။ စာအုပ်ထဲမှာ လူတွေကိုညှင်းပန်းနှိပ်စက်ပြီးရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေကိုအသေးစိတ်ရေးထားတာကိုတွေ့လိုက်တယ်။ ကြောက်လန့်ပြီးသေတ္တာကိုလွှင့်ပစ်လိုက်ပေမယ့် အိမ်ကိုပဲပြန်ရောက်နေတယ်။အဲ့လိုနဲ့ ကားလို့စ်ကိုအကူအညီတောင်းပြီး ဖြေရှင်းကြတဲ့အခါမှာတော့……
Log in to post a comment.
No comments yet. Be the first to comment!