နာမည်ခပ်ဆန်းဆန်းဆိုတော့ ကြည့်ဖူးပြီးသားသူတွေက မှတ်မိနေမှာဖြစ်ပေမယ့် မကြည့်ဖူးသေးတဲ့ သူတွေအတွက် တော့ အနည်းငယ် ခေါ်ရခက်နေမယ်ထင်ပါတယ်။Armageddon ဆိုတာက သမ္မာကျမ်းစာထဲက စကားလုံးဖြစ်ပြီး End of the things အရာအားလုံးရဲ့ အဆုံးသတ်လို့ အဓိပ္ပာယ်ရပါတယ်။Armageddon ရဲ့ အစက ….NASA လွန်းပျံယာဉ် Atlanti က အာကာသမှာ စူးစမ်းရေးလုပ်နေစဉ်မှာပဲ ဥက္ကာပျံ ထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။ NASA သူတို့ယာဉ်ပျက်စီးတဲ့အကြောင်းရင်းကို ရှာဖွေရင်း ယာဉ်ပျံကို Texas ပြည်နယ်နီးပါးကြီးမားတဲ့ ဥက္ကာပျံ က ဝင်တိုက်မိပြီး ပျက်ဆီးသွားခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ဒါပေမယ့် ဥက္ကာပျံက အာကသယာဉ်ကို ပျက်စီးသွားစေရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဥက္ကာပျံရဲ့ လမ်းကြောင်းက ကမ္ဘာမြေကို ဦးတည်နေပြီး လက်ရှိ အရှိန်နှုန်းနဲ့ အရွယ်အစားအရ ကမ္ဘာကို တိုက်မိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသလို လူသားတွေမျိုးတုန်းသွာမယ်လို့ တွက်ချက်ခန့်မှန်းရပါတယ်။ လက်ရှိမှာလည်း တစ်ချို့ ဥက္ကာပျံအစိတ်အပိုင်းတွေကမ္ဘာပေါ်ကျရောက်လောက်ပြီး လူတစ်ချို့က အသက်အိုးအိမ်တွေ ပျက်စီးနေကြပါတယ်။အန္တရယ်အများဆုံးနဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ ဥက္ကာပျံက ကမ္ဘာကြီးကို (၁၈)ရက် နေရင် ကျရောက်လာတော့မှာပါ။ဒီအန္တရယ်ဆိုးကြီးမှ လွတ်မြောက်ဖို့အတွက် NASA အကြီးအကဲ Dan Truman က ဥက္ကာပျံဆီရောက်အောင်သွားပြီး အဲဒီဥက္ကာပျံရဲ့ အတွင်းအလယ်ဗဟိုနေရာအထိ တွင်းတူးကာ nuclear ဗုံးကို ထည့်ခွဲရင် ၎င်းဥက္ကာပျံကြီး အစိတ်စိတ်အမွှာမွှာကွဲကာ.. ကမ္ဘာမြေနဲ့ ဝေးရာကို လွင့်စင်သွားမှာဖြစ်လို့ အဲဒီလိုနည်းနဲ့ ဖြေရှင်းမယ်လို့ စီစဉ်ပါတော့တယ်။ဒါပေမယ့် ဒီလို အန္တရယ်မျိုးတွေ ကျရောက်လာရင် ဖြေရှင်းနိုင်အောင်လို့ ကြိုတင်တွက်ချက်ကာ.. ရေနံတွင်းတူးစက်(Drilling Machine) နဲ့ ပုံစံတူ ယာဉ်ပုံစံဒီဇိုင်း ထုတ်ထားတာရှိပေမယ့် စက်ကို ကိုင်တွယ်အသုံးပြုဖို့ တော့ အာကသယာဉ်မှုးတွေကို သင်တန်းပေးတုန်းရှိပါသေးတယ်။အဲဒီတော့ကာ…Harry Stamperသူက အရမ်းတော်တဲ့ အတွေ့အကြုံပြည့်ဝတဲ့ Drilling Engineer တစ်ဦးဖြစ်ပြီး သမီးဖြစ်သူ Grace ကိုလည်း သူနဲ့အတူ ကမ်းလွန်ရေနံတွင်းတူးစဉ်မှာအတူအလုပ်လုပ်ကိုင်ဖို့ ခေါ်ထားတဲ့ သမီးကိုအလွန်ချစ်တဲ့ ဖခင်ကောင်းတစ်ဦး..နောက်တစ်ခုက NASA က တီထွင်ထားတဲ့ ယာဉ်ပျံရဲ့ အတုခိုးထားရတဲ့ Drill Design ကို ဖန်တီးရေးဆွဲသူတစ်ဦးA.Jသူကတော့ Harry ရဲ့လက်အောက်မှာ (၅)နှစ်ခန့် တာဝန်ထမ်းဆောင်နေတဲ့ Drilling Enginner ဖြစ်ပြီး Harry ရဲ့ သမီး Grace နဲ့ မေတ္တာမျှနေတဲ့ ထက်မြက်ပြီး တစ်ဇွတ်ထိုးခေါင်းမာတဲ့ လူငယ်လေး တစ်ဦး….ဒါ့အပြင် ရေနံစင်ပေါ်မှာ သက်စွန့်ဆံဖျားလုပ်ကိုင်နေကြတဲ့ Harry ရဲ့ ဆိုးတူကောင်းဖက် ရဲဖော်ရဲဖက်တွေဖြစ်တဲ့ Chick, Rockhound, Oscar, Bear, Max စတဲ့ လူတစ်စုကလည်း ရေနံစင်ပေါ်မှာ နေ့စဉ်လုပ်ကိုင်မြဲဖြစ်တဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ကိုင်နေတုန်းမှာပဲ…FBI က Harry ကို NASA စခန်းဆီသို့ ခေါ်ဆောင်ပြီး ယာဉ်ပျံပေါ်လိုက်ပါကာ ဥက္ကာပျံကို ဖျက်ဆီးရာမှာ တာဝန်ယူဆောင်ရွက်ပေးဖို့ စေခိုင်းပါတယ်။ Harry ကလည်း သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့သာ အတူတကွ ပူးပေါင်းလုပ်ကိုင်လိုကြောင်း ပြန်လည်တောင်းဆိုတဲ့အခါမှာ NASA က တာဝန်ရှိသူတွေကလည်း သဘောတူလက်ခံခဲ့ရပါတယ်။အဲဒီနောက်မှာတော့Freedom နဲ့ Independence ဆိုတဲ့ ယာဉ်ပျံနှစ်စင်းနဲ့ လူနှစ်စုခွဲပြီး ကမ္ဘာကထွက်ဖို့ အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေ လေ့ကျင့်မှုတွေကို ပြုလုပ်ပြီး အစီအစဉ်ဆွဲကြပါတော့တယ်။ ယာဉ်(၂)စင်းက လမ်းတစ်ဝက်မှာ Russia အာကာသယာဉ်စခန်းမှာ ဆီဖြည့်ပြီး လကိုပတ်ကာ ဥက္ကာပျံဆီ သွားရဖို့ စီစဉ်ထားပါတယ်။ဒါပေမယ့် တင်လွှတ်တဲ့ အာကာသယာဉ်တိုင်းက ရည်ရွယ်ရာနေရာကို အောင်မြင်စွာရောက်သွားတဲ့ ယာဉ်တွေရှိသလို လမ်းမှာ အကြောင်းအမျိုးမျိုးနဲ့ ပျက်ဆီးသွားခဲ့တဲ့ အတွေ့အကြုံတွေရှိတယ်ဆိုတာ အားလုံးက သိရှိနားလည်ထားပြီးဖြစ်ကြတဲ့အလျှောက်..Freedom နဲ့ Independence ဆိုတဲ့ ယာဉ်ပျံနှစ်စင်းကရော ကမ္ဘာမြေကို ကယ်တင်နိုင်ပါ့မလား..သူတို့အတွက်အပြန်လမ်းရောရှိပါ့မလားဆိုတာ…ဒီဇာတ်ကားမှာ Disaster Film/Thriller သက်သက်မဟုတ်ပဲ Harry ရဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာ၊ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်း နဲ့ စိတ်ဓာတ်သူရွေးခြယ်ထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ရဲဘော်ရဲဖက်စိတ်ဓာတ် ..AJ နဲ့ Grace တို့ရဲ့ ချစ်ခြင်းမေတ္တာတရားတွေကိုလည်း တွေ့မြင်ခံစားရမှာပါ..သရုပ်ဆောင်တွေကိုတော့ ကျွန်တော်ဒီကားကို စစကြည့်ကြည့်ချင်းမှာ ဘယ်သူတွေမှန်းသိပ်မသိဘူးဗျ.. (ကျွန်တော် ၉တန်းလောက်က ပထမဆုံးကြည့်ဖူးတာမို့လို့) နောက်ပိုင်း ပြန်ကြည့်ကာမှပဲ..Harry အဖြစ် Die Hard မင်းသားကြီး Bruce WillisA.J အဖြစ် Bat Man ကြီး Ben AffleckGrace အဖြစ် Liv Tyler တို့အပြင် သရုပ်ဆောင်ကောင်းများစွာပါဝင်အားဖြည့်ထားပါတယ်။1998က ထွက်တယ်ဆိုပေမယ့် ခုချိန် ကြည့်လဲ ဆက်တင်ပိုင်းတွေက ခေတ်မှီဆဲပါ Budget USD 140Millions သုံးပြီး USD 553.7 Millions ရရှိလောက်သည်အထိ အောင်မြင်ခဲ့ပါတယ်။ Movie Soundtruck တစ်ပုဒ်ဖြစ်တဲ့ Aerosmith အဖွဲ့ရဲ့ I Don’t Want to Miss a Thing သီချင်းလေးကလဲ Aerosmith ရဲ့ အအောင်မြင်ဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့အတိုင်းပဲ နားထောင်လို့ အတော်ကောင်းသဗျ။ထွက်ထားတာကြာပေမယ့် အခုချိန်မှာထိခေတ်မှီပြီးကြည့်ကောင်းနေတာမို့ Bruce Willis Collection ဒါမှမဟုတ် Ben Affleck Collection အခွေတွေထဲမှာ ပြန်ရှာဝယ်လို့ရနိုင်မယ့် ကားတစ်ကားဖြစ်မယ်ထင်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!