ဂျိုင်ဖိဆွတ်အပြီးမှာလာမယ့် ထည်ဝါခမ်းနားချစ်ပုံပြင်များအတွဲ ၂ ရဲ့ လေးတွဲမြောက်ကမင်းသမီးချောလေး Mint ရဲ့ ဒုတိယ movie ခြေလှမ်းဖြစ်တဲ့ Chinatown Cha Chaဝါရင့်သရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ဒီဟာသဇာတ်မြူးလေးကရော ဘယ်လိုတွေခွီရမလဲ ရှုစားကြပါဦး။တစ်မိသားစုလုံး တစ်မျိုးမဟုတ်တစ်မျိုး ချွတ်ချော်ကံဆိုးနေတဲ့မိသားစုရဲ့သမီးဖြစ်တဲ့ကီးသူ့ရဲ့ကံကောင်းပုံကိုပြောရမယ်ဆို မွေးမွေးချင်းမှာပဲ ဆရာဝန်လက်ထဲကချောပြီးပြုတ်ကျလို့အူဝဲပေါက်စထဲက ကံတွေ မဟားတရား ဆိုးတဲ့ ကီးတစ်ယောက်ခုချိန်မှာလည်း စာတမ်းအတွက်အကြံမထွက်လို့ တိုင်ပတ်နေပြန်ပါပြီ။ဒီလိုနဲ့ ဘုရားကျောင်းမှာ ဝတ်သွားပြုရင်း သူ့အကြောင်းအကုန်သိနေတဲ့ထူးဆန်းတဲ့အဘိုးကြီးနဲ့တွေ့ပြီး အတိတ်က ကျိန်စာဆိုတဲ့အရာကို သိလိုက်ရတဲ့အခါ…ကျိန်စာရဲ့အရင်းအမြစ် သူ့ရဲ့အဘေးဖြစ်တဲ့ခွန်၊တစ်ချိန်ကနာမည်ဆိုးထွက်တဲ့ ဘိုင်ဆွန်ဂိုဏ်းခေါင်းဆောင်ဖြစ်နေပါသတဲ့။ဒီကံဆိုးမှုတွေကနေ လွတ်ကင်းဖို့ ကီးတစ်ယောက် အခေါင်းထဲဝင်အိပ်ရင်းကနေအဘေးခွန်သက်ရှိထင်ရှားရှိနေတဲ့အတိတ်ကာလက ထိုင်ဆိုတဲ့လူရဲ့ခန္ဓာကိုယ်ထဲရောက်သွားပါတော့တယ်။ကံဆိုးမှုတွေပပျောက်ဖို့ သူ့ရဲ့ဘဝပေးမစ်ရှင်ကို ကီးတစ်ယောက်ထမ်းဆောင်နိုင်ပါ့မလားဆိုတာအခွီအလွဲလေးတွေနဲ့ရောစပ်လို့ ရှုစားလိုက်ရအောင်ပါ။
Log in to post a comment.
No comments yet. Be the first to comment!