ဒီရုပ်ရှင်မှာတော့ အရှေးကူးမား၊ တာ့ပ်ဆီး၊ ပရေ့ဂ်ယာဂျေစ်ဝယ်လ်နဲ့ ဗာနီကပူးရ်တို့လိုနာမည်ကျော်သရုပ်ဆောင်တွေပါဝင်ထားကြပါတယ်။အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကိုအလင်းဖွင့်ပေးချင်တဲ့ စေတနာကိုလည်းမြင်တွေ့ရမှာပါ။ဇာတ်အလမ်းအကျဉ်းပြောရရင် သူငယ်ချင်းသုံးယောက်ရှိတယ်၊ သုံးယောက်လုံးက အိမ်ထောင်သည်တွေ။တစ်ကောင်ရဲ့ခယ်မ မင်္ဂလာဆောင်ရှိရာမြို့ကို သွားကြဖို့ စီစဉ်ထားကြတယ်၊ သွားကြတယ်ပေါ့။မင်္ဂလာဆောင်မှာတွေ့ကြပြီး သူငယ်ချင်းစုံတွဲသုံးတွဲ အတူတူရှိနေရာကစ ဂိမ်းတစ်ခုကစားဖို့လုပ်ကြတဲ့အချိန်မှာတော့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေ၊ သိုဝှက်ထားတဲ့ စိတ်ခံစားမှုတွေ ဘွင်းဘွင်းကြီးပေါ်လာပြီးဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ ကြည့်ရှုကြရမှာပါ။
Log in to post a comment.
No comments yet. Be the first to comment!