ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှယုံကြည်လို့မရဘူးဆိုတာကိုဒီကားလေးကပြောပြပေးသွားမှာပါ။ကင်ဂွမ်ဝူးဟာ သာမန်ပစ္စည်းပို့သမားလေးဖြစ်ပြီး ရိုးသားကြိုးစားပြီး သူတစ်ပါးကိုလည်းတတ်နိုင်သမျှကူညီတတ်သူတစ်ယောက်ဖြစ်ပါတယ်။ကြင်နာတတ်ပြီး သူငယ်ချင်းတွေကိုလည်း အလွန်သံယောဇဉ်ရှိသူဖြစ်ပါတယ်။အဆိုတော်မလေးတစ်ယောက်ကို အကြမ်းဖက်မှုမှကယ်တင်ခဲ့ချိန်မှစလို့ သူဟာ စံပြနိုင်ငံသားဆုကို ရပြီးလူအများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ဒါပေမယ့်သူဟာ နိုင်ငံရေးသမားတွေရဲ့ သားကောင်ဖြစ်နေမှန်း သူ့ကိုယ်သူမသိခဲ့ရှာပါဘူး။တစ်နေ့ သမ္မတလောင်းကိုယ်စားလှယ် အသတ်ခံရမှုမှာ မတရားစွပ်စွဲခံရကာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။ရိုးအတဲ့ ကင်ဂွမ်ဝူး တစ်ယောက် သူ့ရိုးသားမှုကို ပြန်လည်ဖော်ထုတ်နိုင်မလား၊နောက်ဆုံးမှာ အာဏာရှိသူကပဲ အနိုင်ရသွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!