ရုပ်ရှင်ကတော့ အရင်က ထွက်ဖူးတဲ့ကားတွေလိုပဲ သရဲအစစ်လားစိတ္တဇလားဆိုတာကို ဇာတ်ကားအဆုံးထိ စဉ်းစားရအောင် ပဟေဠိနဲ့ပြထားတဲ့ ကားမျိုးပါပဲ။ တောနက်ကြီးထဲမှာ အမေတစ်ယောက်သားနှစ်ယောက်နေကြတယ်။ သူတို့မိသားစုဟာ ကမ္ဘာပေါ်မှာနောက်ဆုံးကျန်နေတဲ့ မိသားစုအဖြစ် အချင်းချင်းသိကြပါတယ်။ကျန်တဲ့လူတွေအားလုံးကို မိစ္ဆာတစ်ကောင်က အချင်းချင်းသတ်အောင်လုပ်လိုက်ပြီလို့ ပြောပါတယ်။ သူတို့တွေကိုလည်းရှေးဟောင်းသစ်သားနဲ့အိမ်က ကာကွယ်ထားလို့သာ မိစ္ဆာကမလာနိုင်တာပါတဲ့။ ဒီတော့ သူတို့က အပြင်ကိုထွက်ရင်လည်း အိမ်နဲ့တွဲချည်ထားတဲ့ ကြိုးအရှည်ကြီးနဲ့ပဲ ထွက်လို့ရပါတယ်။ အဲဒီကြိုးပြုတ်တာနဲ့ မိစ္ဆာက သူတို့ကို ပြုစားပြီး အချင်းချင်းသတ်ခိုင်းမှာလို့သိထားကြပါတယ်။ ဒီတော့ ဝေးဝေးလံလံသွားမရတဲ့ သားအမိသုံးယောက် အသက်ရှင်ဖို့အတွက် အနီးအနားမှာ ခွေးလေး ကိုဒါကိုအမဲလိုက်ခိုင်းရင်း အပင်စိုက်စား အသီးရှာစားနဲ့ အသက်ရှင်နေရပါတယ်။ ဒီလိုနဲ့ အစာရေစာပြတ်ပြီးခက်ခဲလာတဲ့အချိန်မှား သားနှစ်ယောက်ထဲက တစ်ယောက်က ကြိုးကို လက်လွှတ်ပြီး စားစရာရှာဖို့ကြိုးစားလာတဲ့အခါ သူတို့တွေ စိတ်ပူနေတဲ့ မိစ္ဆာနဲ့ တကယ်ရင်ဆိုင်ရမလားဆိုတာ…
Log in to post a comment.
No comments yet. Be the first to comment!