အယ်လီဇဘတ်ဟာ နာမည်ကြီးမင်းသမီးဖြစ်ခဲ့ပေမဲ့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ သူ့နေရာမှာ ကောင်မလေးငယ်ငယ်လှလှလေးနဲ့အစားထိုးဖို့ တီဗီအစီအစဉ်တစ်ခုကနေ ကန်ထုတ်ခံလိုက်ရပါတယ်။အဲဒီအချိန်မှာ သူ့ကို ထူးဆန်းတဲ့ ဆေးတစ်မျိုး ကမ်းလှမ်းလာပါတယ်။အဲဒီဆေးရဲ့ အစွမ်းကတော့ ဆေးသုံးလိုက်တဲ့သူရဲ့ ဆဲလ်တွေကိုပွားလာစေပြီး အဲဒီဆေးထိုးခံတဲ့သူရဲ့ နောက်ထပ် ဗားရှင်းလူတစ်ယောက်ကိုယ်ပွားထွက်ပေါ်လာတာပါပဲ။ အဲဒီကိုယ်ပွားက ပိုလှမယ် ပိုတော်မယ်ပိုပြီးပြည့်စုံတဲ့ ဗားရှင်းဖြစ်လာပါမယ်။ဒါပေမဲ့ အရေးကြီးတဲ့သတ်မှတ်ချက်ကတော့ မူလလူနဲ့ ကိုယ်ပွားဟာတစ်ယောက်ကို တစ်ပတ်စီ အချိန်ပေးရပါတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့ကိုယ်ပွားလေးဟာ တဖြည်းဖြည်း ပိုအောင်မြင်လာပြီ အချိန်တွေကိုပိုလောဘကြီးလာတဲ့အခါ မူရင်းလူမှာ ယိုယွင်းတာတွေ ဆိုးရွားလာပြီးကိုယ်ပွားမှာလဲ ခန္ဓာကိုယ်မတည်ငြိမ်တာတွေဖြစ်လာပါတယ်။အဲဒီကနေမှ ပိုပိုပြီး အရုပ်ဆိုးတဲ့ ရက်စက်တဲ့အဖြစ်အပျက်တွေဖြစ်လာတဲ့အခါ…
Log in to post a comment.
No comments yet. Be the first to comment!