သူငယ်ချင်းတစ်ဖွဲ့က မြေတိုက်ခန်း တစ်ခုထဲမှာပုလင်းလှည့်တဲ့ ကစားနည်း ကစားတာနဲ့ အစပျိုးထားပါတယ်။အုပ်စုထဲက ဝိုင်းပြီး အနိုင်ကျင့်နေကျ ကောင်မလေးရဲ့ အိမ်မှာလူကြီးတွေ မရှိချိန်ကို အဖွဲ့လိုက် လာကစားကြတာပါ။ကောင်မလေးရဲ့ အဖေက နတ်ဆိုးတွေကို ကိုးကွယ်ပူဇော်တယ်ဆိုပြီးသတင်းကြောင့် မယုံကြည်ကြတဲ့ သူငယ်ချင်းတွေက လူကြီးတွေမရှိချိန်ကို ပူဇော်တဲ့အခန်းထဲကို လာပြီး ဝင်ကြည့်ကြတာ ဖြစ်ပါတယ်။ပုလင်းလှည့်ကစားရင်း သူတို့ ဝိုင်းအနိုင်ကျင့်တဲ့ ကောင်မလေးအလှည့်ရောက်တဲ့ အချိန်မှာတော့….။ပုံမှန် Horror ကားတွေလိုပဲ plot က အရမ်းကြီး ကွဲထွက်နေတာမျိုးမရှိပေမယ့် အပျင်းပြေ ကြည့်ပျော်တဲ့ ဇာတ်ကားလေး တစ်ခုပါ။Jump Scare လေးတွေ ကောင်းသလို သရုပ်ဆောင်တွေကလည်းပီပြင်အောင် သရုပ်ဆောင်နိုင်ကြပါတယ်။Horror Fan တွေဇာတ်ကားကောင်းတစ်ခုလို့ ညွှန်းချင်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!