စာရေးဆရာကြီး Ian Fleming ရဲ့ James Bond ဇာတ်ကောင်ကို ပထမဆုံးအသက်သွင်းတဲ့ ဇာတ်ကားဖြစ်ပြီးမင်းသားကြီးရှောင်ကွန်နရီက အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာမို့ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။သိကြတဲ့အတိုင်း ရှောင်ကွန်နရီဆိုရင် ဂျိမ်းစ်ဘွန်းနဲ့ပဲ တွဲမြင်တဲ့အထိ သက်ဝင်အားကောင်းခဲ့ပါတယ်။သူ့ရဲ့ဘွန်းကားတွေဟာ စမတ်ကျတဲ့အပြင် ရယ်စရာ ထေ့လုံး လှောင်လုံးတွေအများဆုံးပါဝင်တာကြောင့်ဘွန်းအဆန်ဆုံးကားတွေလို့ ပြောလို့ရပါတယ်။Action သီးသန့်မဟုတ်ဘဲ ဘက်ပေါင်းစုံက တင်ဆက်ထားနိုင်ပြီးသူ့ခေတ်မှာ အတော်ကို အံ့ဩရတဲ့ ဖန်တီးမှုတချို့ပါတင်ဆက်နိုင်ခဲ့ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!