ဘောလုံးပရိုလောကကနေ အနားယူပြီး လန်ကက်စတာလို့ခေါ်တဲ့ အိမ်ရာအဆောက်အဦးကို အသစ်ရောက်ရှိလာတဲ့ အဲလက်စ်ဆိုတဲ့ ကောင်လေးကမျက်နှာချင်းဆိုင် အခန်းဖော် ကျောင်းသူနှစ်ယောက်ဖြစ်တဲ့ ဥပဒေကျောင်းသူဂရေ့စ်နဲ့ အာရီယာဆိုတဲ့ အနုပညာမေဂျာ ကျောင်းသူတို့နဲ့ အဖွဲ့ကျခင်မင်သွားကြပါတယ်။ အခန်းမှာနေပြီး မကြာခင် အဲလက်စ် သတိထားမိတာက သူတို့နဲ့ တစ်ထပ်တည်းမှာ နေပြီး ဂရေ့စ်တို့အခန်းနဲ့ ကပ်လျက်နေတဲ့ကားလ်အဲဗားဆိုတဲ့ ထူးဆန်းတဲ့သူ တစ်ယောက်ကိုပါ။ အဲဒီသူကဘယ်သူနဲ့မှ အရောတဝင် မနေသလို သူ့ရဲ့ အခန်းကိုလည်း ထူးဆန်းတဲ့ပုံစံနဲ့ဧည့်သည်တွေ ဝင်ထွက်လေ့ရှိတာပါပဲ။ နောက်ပြီးတော့ သူတို့ရပ်ကွက်မှာမိန်းကလေးငယ်တွေ ပျောက်ဆုံးမှု မကြာခဏဖြစ်တာကြောင့် ကွင်းဆက်လူသတ်သမား ရှိနေတယ်ဆိုပြီး ရဲတွေကတောင် မှတ်ချက်ပေးထားကြပါတယ်။ဒီတော့ ထူးဆန်းတဲ့ အိမ်နီးချင်းကို သင်္ကာမကင်း ဖြစ်လာတဲ့ အဲလက်စ်တစ်ယောက် ဂရေ့စ်တို့နဲ့အတူ သုံးယောက်သား အဲဒီလူရဲ့ အိမ်ထဲကိုမျက်နှာကျက်ကနေ တစ်ဆင့် ဖောက်ထွင်း ဝင်ရောက် စုံစမ်းဖို့ ကြိုးစားကြပါတယ်။ သူတို့တွေ ကားလ်အခန်းထဲကို ရောက်တဲ့အချိန်မှာ သူတို့မထင်တားတဲ့ အရာတွေကို အခန်းထဲမှာ တွေ့လိုက်တဲ့အခါမှာတော့…
Log in to post a comment.
No comments yet. Be the first to comment!