နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလိုဖြစ်လာတဲ့ ဆိုရှယ်မီဒီယာရဲ့ကြီးစိုးမှုအောက်မှာအွန်လိုင်းချစ်သူဆိုတာ ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ဒါပေမဲ့ ဒီကိစ္စမှာ မေးစရာရှိတာက အွန်လိုင်းပေါ်ကဘဝက လက်တွေ့နဲ့ ဘယ်လောက်ထိထပ်တူကျလဲ။ကိုယ်ကသိပ်ချစ်ပါတယ်ဆိုတဲ့ အွန်လိုင်းချစ်သူအကြောင်းကိုရော ကိုယ်ဘယ်လောက်သိလဲ?သူတို့စကားထဲက သူတို့အကြောင်းတွေကရော တကယ်ပဲသူတို့အကြောင်းလား? သူတို့ကတကယ်ပဲ ဘယ်သူတွေလဲ?ဒါပေမဲ့ ကျွန်တော်တို့အားလုံးဟာ ချစ်မိသွားရင် စုံလုံးကန်းကြတာဆိုတော့ သိစိတ်ရဲ့ထောင့်တစ်နေရာကမေးခွန်းထုတ်မိရင်တောင် နှလုံးသား တရားသူကြီးရဲ့စီရင်ချက်အောက်မှာ ဒီသံသယမေးခွန်းတွေဟာမကြာခဏဆိုသလို သေဒဏ်ပေးခံလိုက်ရတတ်ပါတယ်။ ဒါကလည်း Catfisherဆိုတဲ့ အွန်လိုင်းပေါ်မှာအချက်အလက်အတုတွေနဲ့ အချစ်ကိုညာယူတတ်သူတွေ သုံးနေကြအကွက်ပေါ့။အခုတင်ဆက်ပေးမှာကတော့ BBCရဲ့ Sweet Bobby ဆိုတဲ့ အပိုင်းဆက်podcastကို Documentary movieပြန်ရိုက်ထားတဲ့ဇာတ်လမ်းလေးတစ်ခုဖြစ်ပြီး အချိန်အကြာဆုံး Catfishလုပ်ခံရသူတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆယ်စုနှစ်တစ်ခုနီးပါဘော်ဘီဆိုတဲ့လူလိမ်ရဲ့ အလိမ်အညာရေယဉ်ကြောမှာ မျောပါခဲ့ရတဲ့ သူ့ရဲ့ဇာတ်ကြောင်းကို သင်ခန်းစာရဖွယ် ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!