ဘာဘူနဲ့ ယေဆူတို့နှစ်ယောက်ဟာ အရင်ကတော့ ဒလီသမားတွေပေါ့။ဒလီလုပ်ရင်း မူးယစ်ဂိုဏ်းနဲ့ ကြုံတွေခဲ့ရလို့ ပရမ်းပတာတွေဖြစ်ခဲ့ရတဲ့ သူတို့နှစ်ယောက်။အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပြီးတော့ သူတို့ဘဝ တစ်ဆစ်ချိုးပြောင်းလဲမယ်လို့ထင်ခဲ့သော်လည်းအလုပ်က ထုတ်ခံလိုက်ရတဲ့အပြင် အိမ်ပိုင်ရှင်က မောင်းထုတ်တာကိုပါ ခံလိုက်ရပါတော့တယ်။ဒီလိုနဲ့ ရှိတဲ့လက်ကျန်ငွေလေးနဲ့ စားသောက်ရင်း နောက်ဆုံးလက်ကျန်ငွေလေးနဲ့ မြေပဲဝယ်စားရာကနေမြေပဲထည့်ပေးတဲ့ သတင်းစာအပိုင်းလေးမှာပါတဲ့ အလုပ်ခေါ်စာကိုမြင်ပြီး သွားလျှောက်ရာကနေလျှို့ဝှက်အေးဂျင့်တွေဖြစ်လာကြတဲ့ သူတို့နှစ်ယောက်။လျှို့ဝှက်အေးဂျင့်ဖြစ်လာပေမယ့် လုပ်ရတဲ့အလုပ်နဲ့ ရတဲ့လစာ မကာမိတဲ့အတွက်သူတို့ဟာ အကျပ်ရိုက်နေပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာ ပြန်ပေးသမားကိုလိုက်ဖမ်းရာကနေ ပြန်ပေးငွေတွေ မီးလောင်ပြီး ဆုံးရှုံးလိုက်ရတဲ့အခါရုံးချုပ်က လူ့အသက်သာဦးစားပေး ပိုက်ဆံမဟုတ်ဘူးလို့ပြောလိုက်တဲ့ စကားအရ သူတို့ဟာ ပြန်ပေးငွေတွေထဲကနေမသိမသာငွေတချို့ကို ယူထားဖို့ လုပ်ကြပါတော့တယ်။ဒီလိုအကြံအစည်တွေကို ရိပ်မိနေတဲ့ မိုက်ကယ်ဆိုတဲ့ အေးဂျင့်တစ်ယောက်ဟာဘာဘူနဲ့ ယေဆူကို ထောင်ဖမ်းဖို့လုပ်ရင်း သူတို့နှစ်ယောက် ဘယ်လိုတွေ ကွေ့ပတ်ပြီး ရှောင်သွားမလဲ …..ဘာဘူနဲ့ ယေဆူတို့ကရော ဘယ်လိုမစ်ရှင်တွေကို ကိုင်တွယ်ဖြေရှင်းရဦးမလဲ ……ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပြီးတော့ ဟာသမင်းသားကြီး Vennela Kishore လည်းပါတာဖြစ်လို့ မရယ်ရမှာတော့ စိတ်ပူစရာကိုမလိုတဲ့ ဟာသအက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!