အင်ဒိုဇာတ်ကားဆိုရင် တော်ရုံတန်ရုံ ဒရာမာကား သရဲကားလောက်ပဲနာမည်ကြီးတာများပြီးတော့ အက်ရှင်ကားရိုက်ရင်သိပ်မပေါက်မမြောက်ပါဘူး။ဒါပေမယ့် အခုတင်ဆက်ပေးမဲ့အင်ဒိုအက်ရှင်ဇတ်ကားကတော့အက်ရှင်ချစ်သူတွေအချိန်ပေးကြည့်ရတာတန်စေမဲ့ နိုင်ငံတကာအဆင့်မှီအင်ဒိုအက်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Shadow Strays ဖြစ်ပြီး လက်ရှိIMDb Rating 6.8 အထိရရှိထားပါတယ်။နိုင်ငံတကာမှာအာဏာကြီးမားတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကြီးတွေတောင်ကြောက်ရတဲ့ ကြေးစားလူသတ်အဖွဲ့တစ်ဖွဲ့ရှိပါတယ်။အဲ့ဒီအဖွဲ့ရဲ့နာမည်ကတော့သေမင်းအရိပ်ဖြစ်ပြီး နာမည်အတိုင်းပဲအရိပ်တွေထဲကနေထွက်လာပြီး တိုက်ခိုက်တတ်တဲ့ ကြေးစားလူသတ်သမားတွေဖြစ်တဲ့အတွက် အဖွဲ့ရဲ့အေးဂျင့်တွေကိုလည်း အရိပ်တွေလို့ပဲခေါ်ဆိုပါတယ်။ဇာတ်လမ်းအစမှာတော့ အဲ့ဒီသေမင်းအရိပ်အဖွဲ့က ဂျပန်ယာကူဇာဂိုဏ်းတစ်ခုကိုဝင်ရောက်သုတ်သင်ပုံကိုတွေ့ရမှာဖြစ်ပြီး အရိပ်တွေအများကြီးထဲကတစ်ယောက်ဖြစ်တဲ့ ၁၃ ကတော့သနားညှာတာမိပြီးတုံ့ဆိုင်းမိခဲ့တဲ့အတွက် ရာထူးကနေရပ်နားခံလိုက်ရပါတော့တယ်။ကြေးစားလူသတ်သမားဆိုတာကလည်း သနားကြင်နာမှုတွေ ညှာတာမှုတွေရှိလို့မရတဲ့အလုပ်ဖြစ်တဲ့အတွက် ၁၃ ကတော့တော်တော်နဲ့စစ်ဆင်ရေးပြန်လုပ်ခွင့်မရခဲ့ပါဘူး။းဒီလိုနဲ့စစ်ဆင်ရေးမရဘဲ ကြောင်ပျောက်နေတဲ့ ၁၃ ရဲ့အာရုံကိုသူနဲ့တစ်တိုက်တည်းနေနေတဲ့သားအမိ ၂ ယောက်ကဖမ်းစားသွားပါတော့တယ်။အမေဖြစ်သူက သူတို့နေထိုင်ရာ ဂျာကာတာမြို့မှာ လက်ဝါးကြီးအုပ်ထားတဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့ဒုစရိုက်သမားကြီးတွေနဲ့ ပတ်သတ်ပြီးပိုက်ဆံရှာနေတဲ့အတွက် သိပ်မကြာခင်မှာပဲ အသတ်ခံခဲ့ရပါတော့တယ်။ဒီလိုနဲ့ကျန်ခဲ့တဲ့ကောင်လေးကို မောင်လေးတစ်ယောက်လိုစောင့်ရှောက်နေချိန်မှ အဲ့ဒီလူဆိုးတွေက သက်သေဖျောက်ဖို့ကောင်လေးကိုပါ ဖမ်းခေါ်သွားတဲ့အချိန်မှာ တစ်သက်လုံးလူသတ်ခဲ့တဲ့လက်နဲ့ အဲ့ဒီကောင်လေးရဲ့အသက်တစ်ချောင်းကိုဘယ်လိုပြန်ကယ်မလဲဆိုတာကို အက်ရှင်အကြမ်းစားတွေနဲ့ကြည့်ရှုရမဲ့ အင်ဒိုဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!