သမားရိုးကျ ဇွန်ဘီကားတွေနဲ့ မတူဘဲ ပြင်ပဘေးအန္တရာယ်နဲ့အတူယှဉ်တွဲပြီး အတွင်းစိတ်ဒဏ်ရာ ရှိသူတစ်ဦးက ဘယ်လောက်ထိအန္တရာယ်များနိုင်သလဲဆိုတာ ရိုက်ကူးတင်ဆက်ထားတာပါ။ဇာတ်ညွှန်းကတော့ ဖိလစ်ပိုင်နိုင်ငံမှာ Zombie Outbreak ဖြစ်ပြီးနောက်ပိုင်း ဖက်ဒရစ်တို့ မိသားစုဟာ သူရဲ့မိဘတွေ ရှိတဲ့ နယ်မြို့လေးကိုခိုလှုံဖို့ ပြေးလာကြတာနဲ့ အစပြုထားပါတယ်။ကံမကောင်းချင်တော့ မိဘတွေလည်း ဇွန်ဘီဗိုင်းရပ်စ်ပိုးကူးစက်ခံထားရပြီး သေဆုံးကုန်ကြပါတယ်။ ဖက်ဒရစ်ဟာငယ်စဉ်ကလေးဘဝကတည်းက ဖခင်ဖြစ်သူရဲ့ ကိုယ်ထိလက်ရောက်နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ကြီးပြင်းလာခဲ့ရပြီး သူ့မိဘအိမ်ဟာအတိတ်မှာ သူ့အတွက်တော့ ပျော်ရွှင်စရာ အိမ်မဖြစ်ခဲ့ပါဘူး၊ ဒါ့အပြင်သူ့ရဲ့ဇနီး အိုင်းရစ်ကလည်း သူနဲ့အိမ်ထောင်ရေး အဆင်မပြေတာကာလတစ်ခုကြာပြီးနောက်ပိုင်း ကလေးတွေ မျက်နှာကြောင့်သာ သူနဲ့အတူရှိနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဖက်ဒရစ်နဲ့သူ့မိသားစု ဘယ်လိုအန္တရာယ်တွေ ရင်ဆိုင်ရမှာလဲ….။သူ့အတွက် အကျဉ်းထောင်တစ်ခုလို ဖြစ်ခဲ့တဲ့ သူ့မိဘနေအိမ်မှာသူ့အတွက် ဘယ်လိုအတိတ်ကို နှိုးဆွစေမယ့် အရာတွေ ဖြစ်လာမလဲဆိုတာတော့….
Log in to post a comment.
No comments yet. Be the first to comment!