ရှိုအစ်ဆိုတာ မကောင်းတဲ့လောကထဲကနေ ရုန်းထွက်လာပြီး ကားမောင်းစားကာအမေအိုကြီးကို လုပ်ကျွေးနေသူတစ်ယောက်ပါ။ ဘာသာမတူပေမဲ့ငယ်စဉ်ကတည်းက ချစ်ရတဲ့ လပ်ကီးဆိုတဲ့ ချစ်သူလေးလည်း ရှိပြီးလက်ထပ်ဖို့ ကြိုးစားနေသူပေါ့။တစ်ညမှာတော့ သူ့ဆီကို မြေအောက်လောကထဲက ဘော်ဒါတစ်ယောက်ကကားထဲကို ဂျတ်ကတ်တစ်ထည် ထားသွားခဲ့ပါတယ်။အိမ်မှာ အမှုမဲ့ အမှတ်မဲ့ သိမ်းထားပြီးနောက် မိခင်ဖြစ်သူကြောင့်ဝါယာရှော့ခ်ရပြီး အိမ်မီးလောင်သွားတဲ့အခါ ဂျက်ကတ်က ပျောက်သွားပါတယ်။အဲဒီမှာတင် လူဆိုးဘော်ဒါကို ရှိုအစ်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ အကျပ်ရိုက်ပြီးကောင်မလေးဆီ အကူအညီ သွားတိုင်ပင်ရာကနေ ကောင်မလေးဖက်ကလည်းပြဿနာတစ်ခု ပါလာတဲ့အခါ ပြဿနာနှစ်ခုနဲ့ စုံတွဲတစ်တွဲ တစ်ရက်တည်းမှာတင်ဘယ်လိုတွေ တိုင်ပတ်ကြမလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!