ဟစ်တလာရဲ့ ရေချိုးကန်ထဲမှာ ရေချိုးပြခဲ့တဲ့ စစ်သတင်းထောက်ကမ္ဘာ့အထင်ရှားဆုံး စစ်သတင်းထောက်တွေထဲက တစ်ဦးဖြစ်တဲ့လီမေလာရဲ့အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။လီဟာ ဒုတိယကမ္ဘာစစ်တလျှောက် ရှေ့တန်းစခန်းတွေ ချွေးတပ်စခန်းတွေမှာ သမိုင်းဝင်ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တဲ့ သတင်းထောက်တစ်ယောက်ပါ။ပြင်သစ်လွတ်မြောက်ခြင်း၊ နော်မန်ဒီဆေးရုံများ၊ ဘူချန်ဝေါ့ချွေးတပ်စခန်း စတဲ့ ဓာတ်ပုံတွေဟာ သမိုင်းမှာ အထင်ရှားဆုံးဓာတ်ပုံတွေစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဟစ်တလာ သေကြောင်းကြံအပြီးစစ်ပွဲအပြီးမှာ ဟစ်တလာရဲ့ တိုက်ခန်းထဲက ရေချိုးခန်းထဲမှာ ရေချိုးပြီးရိုက်ပြခဲ့တဲ့ ဓာတ်ပုံဟာလည်း ကမ္ဘာကျော်ပါပဲ။ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ Ellen Kuras ဖြစ်ပြီး သူဟာEternal Sunshine of the Spotless Mind ရဲ့ Cinematographerဖြစ်ခဲ့တဲ့သူပါ။ လီ နေရာမှာတော့ မင်းသမီးကြီး ကိတ်ဝင်းစလက်ကသရုပ်ဆောင်ထားပါတယ်။ လီတစ်ယောက် မော်ဒယ်ဘဝကနေဓာတ်ပုံဆရာ၊ စစ်သတင်းထောက်ဖြစ်လာပုံတွေနဲ့ စစ်ပွဲတလျှောက်ကြုံတွေ့ခဲ့ရတာတွေကို စိတ်ဝင်စားစရာ ပြသထားတာမို့ လက်လွှတ်မခံသင့်တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။အဖော်အချွတ်နဲ့ ရက်စက်တဲ့အခန်းအချို့ ပါဝင်တာကိုလည်းကြိုပြီး သတိပေးထားချင်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!