မြို့လေးတစ်မြို့က အူရီ စူပါမားကတ်မှာ ခိုးယူမှုနဲ့ လူသတ်မှု ဖြစ်ပွားခဲ့တယ်။အသက်မပြည့်ကြသေးတဲ့ ကောင်လေးသုံးယောက်ဖြစ်တဲ့ ချန်းဟို, ဆွန်းအူနဲ့ ဗြောင်းဝန်းတို့ကအဲဒီအမှုအတွက် တရားခံအဖြစ် စွပ်စွဲခံလိုက်ရပြီး အမှုစစ်တွေရဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေကြောင့်ကောင်လေးတွေဟာ ဒဏ်မခံနိုင်တော့ဘဲ မကျူးလွန်ထားတဲ့ပြစ်မှုကို ဝန်ခံလိုက်ရတယ်။ဒါပေမဲ့ ဒုရဲအုပ်ဖြစ်တဲ့ ဟွမ်ဂျွန်ချောကတော့ သူတို့ရဲ့ ဝန်ခံချက်ကို သံသယဖြစ်ပြီးအမှုကို ပြန်လည်စစ်ဆေးမှုလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ ကောင်လေးသုံးယောက်ဟာအပြစ်ဒဏ်ခံယူလိုက်ရတယ်။နှစ်များစွာ ထောင်ထဲမှာ အပြစ်ဒဏ်ခံယူပြီးလို့ ထွက်လာကြတဲ့အချိန်မှာလည်း ကောင်လေးတွေဟာပြစ်မှုမှတ်တမ်းဟောင်းရှိသူတွေအဖြစ် အပြင်လောကမှာပါ ခွဲခြားဆက်ဆံမှုတွေကို ကြုံတွေ့ခဲ့ရသလိုသူတို့ဘက်မှာ ရပ်တည်ပေးခဲ့တဲ့ ဒုရဲအုပ်ဟွမ်ဂျွန်ချောကလည်း ရာထူးချခံလိုက်ရတယ်။မတရားခံလိုက်ရတဲ့သူတို့တွေ တရားမျှတမှုရအောင် ပြန်လည်ကြားနာမှုလုပ်ဖို့ ကြိုးစားကြတဲ့အခါ..ဒီကြိုးစားမှုမှာ ဘယ်သူတွေက ဘယ်လိုကူညီပေးသွားကြမလဲ… တရားခံအစစ်ကရော ဘယ်သူဖြစ်နေမလဲ…တရားခံက ဘယ်လိုလူဖြစ်နေလို့ အမှုစစ်တွေကပါ ပေါင်းကြံခဲ့ကြတာလဲဆိုတာကိုတော့ဒီ The Boys movie လေးထဲမှာပဲ ရင်တဖိုဖိုနဲ့ ကြည့်လိုက်ကြပါဦးနော်။
Log in to post a comment.
No comments yet. Be the first to comment!