၁၉၉၃ ခုနှစ် ဝန်းကျင် စီဒါခရိခ်က ကျေးလက်ရွာလေး တစ်ရွာအနီးမှာဓာတုဗေဒအဆိပ်တွေ တင်ဆောင်လာတဲ့ ရထားတစ်စီးဟာလမ်းချော်ပြီး တိမ်းမှောက်ကာ အဆိပ်တွေဟာ ရထားလမ်းပတ်ဝန်းကျင်အကွာအဝေးကျယ်ကျယ်ပြန့်ပြန့်ကို ထိစပ်ပျံ့နှံ့ပြီး လူတွေအမြောက်အများသေဆုံးခဲ့ရပါတယ်။တစ်နှစ်ကြာပြီးတဲ့အခါမှာ ဒီခြောက်ကပ်နေတဲ့ ကျေးလက်ရွာလေးကိုပြန်လည် စည်ကားလာစေဖို့ သဘောနဲ့ ဟောလိုးဝင်းအကြို ဖရုံသီးပွဲတော်ကျင်းပဖို့ စီစဉ်ကြပါတယ်။ ပွဲတော်ချိန် ညဦးပိုင်းမှာ ဖရုံသီး အရုပ်ထွင်းပြိုင်ပွဲကျင်းပပြီး အမြန်ဆုံးနဲ့ လက်ရာအကောင်းဆုံး ထွင်းနိုင်တဲ့သူကို ဒေါ်လာ၅၀ဆုချမှာပါ။ ပြိုင်ပွဲစဖို့ ဓားတွေစကိုင်ပြီး အရုပ်ထွင်းကြတဲ့အချိန်မှာပဲမမျှော်လင့်ထားတဲ့ ကြောက်မက်ဖွယ် သတ္တဝါကြီး အသက်ဝင်လာပြီးတော့ပြိုင်ပွဲဝင်တွေကို အငြိုးတကြီးနဲ့ တိုက်ခိုက်ပါတော့တယ်။ဘယ်သူတွေ ရှင်ကျန်ပြီး ဘယ်လိုမျိုး ဒီသတ္တဝါကြီးကိုနှိမ်နင်းရမလဲဆိုတာကိုတော့ အားပေးကြည့်ရှုလိုက်ကြပါဦးခင်ဗျ။
Log in to post a comment.
No comments yet. Be the first to comment!