ကြေးစားလူသတ်သမားတစ်ယောက် နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နေတယ်လို့မှတ်ယူပြီး လူတွေလိုက်သတ်ပေးနေရင်းနဲ့နောက်ပိုင်းမှာ သူ့ကိုအမိန့်ပေးနေတဲ့လူပြောင်းသွားပြီး ပစ်မှတ်တွေကလည်းနိုင်ငံအတွက်အကျိုးမရှိဘဲ လိုက်သတ်ပေးနေရတာကိုတွေ့တဲ့အခါမှာ အဖြစ်မှန်ပေါ်ပေါက်အောင်လိုက်လံစုံစမ်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။အဲ့ဒီကြေးစားလူသတ်သမားကတော့ရှောပဲဖြစ်ပြီး သူ့ကိုယ်သူတော့CIA အတွက်အလုပ်လုပ်ပေးနေတယ်လို့ထင်ခဲ့ပေမဲ့ တစ်နေ့မှာတော့ကေစီဆိုတဲ့ MI6 ကကောင်မလေးကသူ့ဆီကိုရောက်ချလာခဲ့ပြီးသူထင်နေသလိုမဟုတ်ဘူးဆိုတာကို သက်သေတွေနဲ့တကွလာရှင်းပြပါတော့တယ်။ကေစီပြောတာတွေကလည်းယုတ္တိရှိနေတဲ့အတွက်သူ့ကိုအလုပ်ခိုင်းနေတာ CIA မဟုတ်ဘူးဆိုရင် နောက်ကွယ်ကကြိုးကိုင်ထားတဲ့လူဘယ်သူလဲဆိုတာကို အဖြေရှာဖို့အတွက် ကေစီနဲ့အတူတူစတင်စုံစမ်းခဲ့ကြပါတော့တယ်။တစ်ဖက်မှာလည်း သူ့ကိုအလုပ်ခိုင်းနေတဲ့လူကစစ်ဆင်ရေးတွေကိုဆက်လုပ်ဖို့ တွန်းအားပေးတဲ့အနေနဲ့ သူ့နောက်ကိုလူတွေလွှတ်ပြီးတောက်လျှောက်တိုက်ခိုက်ခိုင်းတဲ့အခါမှာတော့ ရှောနဲ့ကေစီတို့နှစ်ယောက်အခက်အခဲတွေကိုကျော်ဖြတ်ပြီး နောက်ကွယ်ကလူကိုအဖြေရှာပုံတွေအပြင် တခြားသောမြှုပ်ကွက်လေးတွေကိုပါ စိတ်ဝင်တစားကြည့်ရှုရမဲ့ အက်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!