ဂျီအွန်းက ငယ်စဉ်ဘဝက ယာဉ်မတော်တဆမှုမှာမိဘတွေ ဆုံးပါးပြီးတဲ့နောက် စကားမပြောနိုင်ဘဲ ဆွံ့အခဲ့ရတာပါ။ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့မသန်မစွမ်းဖြစ်မှုကို ရင်ဆိုင်ကျော်လွှားပြီးဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက် ဖြစ်လာဖို့ကို သူ စိတ်ကူးယဉ်ထားခဲ့တာပါ။တစ်နေ့မှာတော့ သူရဲ့အိမ်အပြန်လမ်းမှာလူစိမ်း ၃ ယောက်က ပြန်ပေးဆွဲပြီး အဓမ္မကျင့်တာ ခံလိုက်ရပါတယ်။ရဲစခန်းမှာ ရဲတွေက သူ့ကို ကူညီပေးရမယ့်အစား သူ့ကိုပဲ နှိမ့်ချကြပါတယ်။ဒီတော့ ဂျီအွန်း တစ်ယောက် ဘယ်သူ့ကိုမှ မယုံတော့ဘဲသူ့ကိုယ်သူ အားကိုးပြီး တိတ်တိတ်လေး လက်စားချေဖို့ ကြိုးစားတဲ့အခါမှာတော့ …..ဇာတ်လမ်းနာမည်အတိုင်းပါပဲ …..ရွေးချယ်စရာတွေ ဆိတ်သုဉ်းပျောက်ကွယ်ပြီး ချောင်ပိတ်လာတဲ့အခါမှာလူတစ်ယောက်ရဲ့ တုံ့ပြန်မှု အကြောင်းပါပဲ။မှုခင်း ဒရာမာ အမျိုးအစား ဖြစ်တဲ့အတွက် အသည်းတယားယာ ရင်တဖိုဖိုနဲ့ ကြည့်ရမှာပါ။
Log in to post a comment.
No comments yet. Be the first to comment!