အချစ်ဟာလိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဆိုတဲ့သီချင်းကပက်တယ်လာအတွက်လားလို့ ပြောရမယ့်ကိန်းဆိုက်နေရှာတဲ့ ချစ်ကံခေသူတစ်ယောက်ငယ်ငယ်ကတည်းက အချစ်ဦးနောက်လိုက်လိုက်တာ အချစ်ဦးကလက်ထပ်ပြီး ဗိုက်တစ်လုံးနဲ့ပြန်ပေါ်လာမှပဲ ပက်တယ်တစ်ယောက်လက်လျှော့ဖို့အတွေးပေါက်မိတော့တယ်။နှလုံးသားလမ်းကြောင်းမှာ ကျွန်းပဲခံနေသလား ဘာလားတော့မသိပေမဲ့အဲဗားငြင်းခံ ပက်တယ်လာက သူကြီးသားဆိုတော့ ပညာတတ်မိန်းကလေးကိုပဲလက်ထပ်ယူမှာဆိုတဲ့ မာနလေးကလည်း ရှိနေပြန်ပါသတဲ့။ကိုယ်တိုင်ကတော့ ဘွဲ့လေးရဖို့ကို 7 နှစ် 7 လီတက်ရတဲ့ ကျောင်းပျော်ကြီးဆိုပေမဲ့ပေါ့။ဒီလိုနဲ့ သူငယ်ချင်းမင်္ဂလာဆောင်မှာ အချစ်ဦးက ကိုယ်ဝန်ကြီးနဲ့မလို့အသည်းကွဲပြီး မူးနေရင်းကနေ သတို့သမီးသူငယ်ချင်းအက်ရှ်ရှာရာဆိုတဲ့ ကောင်မလေးကို တွေ့သွားတဲ့အခါမှာတော့…အချစ်ကိုရဖို့ဆို နွားသိုးကြိုးပြတ် ကြိုးစားနိုင်လွန်းသူ ပက်တယ်လာနဲ့ဆရာဝန်မလေးရဲ့ဇာတ်လမ်းကရော ဘယ်လိုရှေ့ဆက်မလဲ ရှုစားကြပါဦး။
Log in to post a comment.
No comments yet. Be the first to comment!