Jumanji ရုပ်ရှင်တွေလိုမျိုး လက်တွေ့ကမ္ဘာကနေ ဂိမ်းထဲကိုရောက်သွားမဲ့ ပြင်သစ် Fantasy ရုပ်ရှင်တစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဂျာဟုမ်းတို့မိသားစုဟာ အားလပ်ရက်မှာ သူတို့အဖေဆီသွားလည်ကြရင်း မိသားစုဝင်တွေစုံတုန်း Werewolves of Miller’s Hollowဆိုတဲ့ Board gameကို ဆော့ဖို့လုပ်ကြပါတယ်။အဲဒီဂိမ်းကတော့ တော်တော်များများသိကြတဲ့ မာဖီးယားဂိမ်းလိုimposter ရှာရတဲ့ဂိမ်းပါ။ကစားသမားတွေမှာ ကိုယ်ပိုင် ကာရိုက်တာတွေရှိကြပြီး မတူညီတဲ့အစွမ်းတွေရှိပါတယ်။ အဲဒီအစွမ်းတွေကိုအသုံးချပြီး ညဘက်ရောက်တိုင်း ရွာထဲကလူတွေကိုအမဲလိုက်စားသုံးတဲ့ လူယောင်ဆောင်Werewolves တွေရဲ့သရုပ်မှန်ကိုဖော်ထုတ်ရမဲ့ဂိမ်းမျိုးပါ။ဂျာဟုမ်းတစ်ယောက်ကတော့ ငယ်ငယ်က သူ့အဖေနဲ့ဆော့ခဲ့တဲ့ဒီ ဘုတ်ဂိမ်းကို ဆော့ဖို့စိတ်အားထက်သန်နေပေမဲ့ ကျန်တဲ့မိသားစုဝင်တွေကတော့ မဆော့ချင်ကြပါဘူး။အသက်အရွယ်ကြီးလို့ မှတ်ဉာဏ်ချို့တဲ့နေပြီဖြစ်တဲ့ ဂျာဟုမ်းရဲ့အဖေကလည်း ဂိမ်းရဲ့စည်းမျဉ်းတွေကို ဘာတစ်ခုမှမမှတ်မိတော့လို့ကာရိုက်တာကတ်တွေပဲ ဝေပြီး ဆက်မဆော့ဖြစ်ဘဲ ကစားပွဲပျက်သွားပါတယ်။ဂျာဟုမ်းတစ်ယောက် ကတ်တွေကို သိမ်းနေတုန်းမှာ ရုတ်တရက်Board game boxကြီးက လှုပ်ခါလာပြီး ငလျင်တွေလှုပ်လာပါတော့တယ်။ ငလျင်လှုပ်လို့ မိသားစုဝင်တွေအကုန် မြေအောက်ခန်းထဲရောက်သွားပြီး အပြန်အထွက်မှာ 1497 ခုနှစ်ဆီကိုရောက်သွားကြပါတော့တယ်။ အဲဒီကနေမှသိရလိုက်တာက သူတို့ဟာ ဆော့လက်စboard gameထဲကိုရောက်နေတာဖြစ်ပြီး မီလာဟောလိုးက သမန်းဝံပုလွေတွေကိုရှာဖွေသတ်ဖြတ်နိုင်မှ ဂိမ်းထဲကထွက်နိုင်မယ်ဆိုတာပါပဲ။ဒီလိုနဲ့ ဂျာဟုမ်းတို့မိသားစု ကိုယ်စီအစွမ်းတွေနဲ့အတူ အလယ်ခေတ်ကနေလွတ်မြောက်အောင်ကြိုးစားကြပါတော့တယ်။ Jumanji နဲ့တူမယ်လို့ထင်ထားခဲ့ပေမဲ့ သူတို့ရောက်သွားတဲ့ timeline ကအလယ်ခေတ်ဖြစ်ပြီးမိသားစုကိုအသားပေးရိုက်ပြထားပုံက ဒီရုပ်ရှင်ကိုထူးခြားစေတာပါ။ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
Log in to post a comment.
No comments yet. Be the first to comment!