သာမန်ပျင်းစရာရုံးဝန်ထမ်းဘဝမှာ ပျော်ရွှင်နေတဲ့ Conner ရဲ့ဘဝထဲကိုမှင်စာလိုမကောင်းဆိုးဝါးကောင်လေးတွေ ရောက်လာပြီးတော့သူ့ပိုင်ဆိုင်မှုအားလုံးကို ဖျက်ဆီးဖို့ကြိုးစားပါတယ်။ ဒါပေမယ့်အဲဒီမကောင်းဆိုးဝါးလေးတွေမှာလည်း သူတို့ရဲ့အကြောင်းအရင်းတစ်ခုရှိနေခဲ့ပါတယ်။အဲဒီအကြောင်းအရင်းက ဘာဖြစ်မလဲ၊ ဘာဖြစ်လို့ Conner ဆီကိုရောက်လာရတာလဲဆိုတာတွေကို ဇာတ်ကားထဲမှာ ကိုယ်တိုင်ခံစားလိုက်ပါ။ Low budget movie ဆိုပေမယ့် IMDb မှာrating 5.9/10, Rotten Tomato မှာ rating 89% အထိရရှိထားပါတယ်။ Horror genre ဆိုပေမယ့် သိပ်ကြောက်ဖို့မကောင်းပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!