ခေတ်သစ် Civil Disobidence အယူအဆကိုဖန်တီးဖော်ထုတ်ခဲ့တာကတော့အိန္ဒိယလွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီလို့ဆိုပါတယ်။၊Civil DisobedienceMovementရဲ့ သက်ရောက်မှုကိုသိပ်အယုံအကြည်မရှိတဲ့လူတွေရှိကောင်းရှိပါလိမ့်မယ်။ဂန္ဒီလုပ်ခဲ့တဲ့ CDMရဲ့ သက်ရောက်မှုဟာတစ်စတစ်စနဲ့ ဗြိတိသျှတို့ရဲ့ ကြီးမားလှတဲ့အင်ပါယာကြီးကိုတောင် အတော်လေးအထိနာစေခဲ့ပါတယ်။ သူရဲ့ဝါဒကတော့ရှင်းပါတယ်။ အကြမ်းမဖက်ဘူးမပူးပေါင်း မနာခံဘူး။အကြမ်းမဖက်တာက အပြောတော့လွယ်ပါတယ်တစ်ဖက်က အကြမ်းဖက်လို့ကိုယ့်အသားနာလာရင် သွေးရူးသွေးတန်းနဲ့ပြန်အကြမ်းဖက်မိနိုင်ခြေသိပ်များပါတယ်။အထူးသဖြင့် အကြမ်းမဖက်လို့ ရနိုင်မယ့်အကျိုးကျေးဇူးကို မသိရင်ပေါ့။ပြောရရင်CDMရဲ့ နောက်ဆက်တွဲအကျိူးကျေးဇူးကိုမသိရင်ပေါ့။ ဂန္ဒီလက်ကိုင်ထားခဲ့တဲ့ဝါဒဟာCivil Disobidenceပါပဲ။ CDMနဲ့ပက်သက်ပြီး ဒီရုပ်ရှင်မှာ ဖြစ်ရပ်မှန်သာဓကတွေအများကြီးပါပါတယ်။CDMကို ဒီရုပ်ရှင်သာမကြည့်ခဲ့မိရင်ဒီလောက်အထိစွမ်းမယ်လို့လုံး၀ဥဿုံ ထင်ချင်မှလည်းထင်မိမှာပါ။မိတ်ဆွေတို့ကိုတော့ မဆိုလိုဘူးပေါ့။ဒါကျွန်တော့်ရဲ့တုံးအမှုပါပဲ။ဂန္ဒီပြောသလိုပါပဲ “သူတို့ ကျုပ်တို့ကိုကြိုက်တာလုပ်လို့ရပါတယ်။ ဒါပေမဲ့ကျုပ်ရဲ့ နာခံမှုကိုတော့ ကျုပ်မပေးမချင်းသူတို့မရနိုင်ပါဘူး”CDMဟာအင်အားချင်းမတုံ့ပြန်နိုင်တဲ့လူတွေအတွက်အကောင်းဆုံးလက်နက်ပါပဲ။မိတ်ဆွေဒီထက်နားလည်သွားမှာတွေအများကြီးပိုပါပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်မပြောပြတတ်ပါဘူး။ မပြောချင်တာမဟုတ်ပါဘူး။နိုင်ငံရေးနဲ့ပက်သက်ပြီးကျွန်တော် ဘာမှနားလည်တဲ့လူတော့မဟုတ်ပါဘူး ဒါပေမဲ့ သေချာတာကခင်ဗျား ဒီရုပ်ရှင်ကိုကြည့်ပြီးCDMအစစ်ရဲ့ သက်ရောက်မှုကိုကောင်းကောင်းကြီးသိသွားမှာပါ။ဒါပါပဲ။ CDMနဲ့တစ်နိုင်ငံလုံးပက်သက်နေတဲ့အချိန်မှာ ဒီရုပ်ရှင်ကိုကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။ကြည့်ကြစေချင်ပါတယ်။ဒါကျွန်တော့်ရဲ့ စိတ်စေတနာအမှန်ပါပဲ။တစ်ခါတလေကျ ဒီကမ္ဘာကြီးမှာကျွန်တော်တို့ ဘာမှမတတ်နိုင်ပါဘူးလို့ထင်ကောင်းထင်ရတဲ့ နေ့တွေရှိမယ်။ကိုယ့်ဖြစ်တည်မှုရဲ့ သိမ်ဖျင်းသေးနုပ်မှုကိုစိတ်ပျက်အားငယ်မိတဲ့နေ့တွေရှိမယ်။တစ်ခါတလေ ဒီကမ္ဘာကြီးကအဓိပ္ပာယ်မရှိပါဘူးလို့တွေးမိတဲ့ အခါတွေများမှာအဓိပ္ပာယ်ရှိခဲ့တဲ့လူတစ်ယောက်ရဲ့ဘ၀အကြောင်းကို သိထားတာဟာကျွန်တော်တို့ ဘာမှမတတ်နိုင်ဘူးထင်ရတဲကမ္ဘာကြီးမှာ မျှော်လင့်စရာကလေးတွေကျန်သေးကြောင်း အသိပေးကောင်းပေးနိုင်ပါလိမ့်မယ်။တကယ်လို့်များမိတ်ဆွေစိတ်ပျက်အားငယ်မိရင်ဂန္ဒီပြောဖူးတဲ့စကားလေးတစ်ခုကိုသတိရလိုက်ပါ။” ကျုပ်စိတ်ပျက်အားငယ်တဲ့အခါအမှန်တရားနဲ့ ချစ်ခြင်းမေတ္တာရဲ့လမ်းစဉ်က အမြဲအောင်နိုင်ခဲ့တယ်ဆိုတာကိုသတိရမိတယ်။ ကမ္ဘာကြီးမှာ မင်းဆိုးမင်းညစ်အာဏာရှင်တွေ လူသတ်သမားတွေ ရှိခဲ့ကြပြီးပြီအချိန်တစ်ခုထိတော့ သူတို့လိုလူတွေကမကျရှုံးနိုင်ဘူးထင်ရတယ်။အဆုံးမှာတော့ သူတို့ အမြဲကျရှုံးရတာပါပဲဒါကိုအမြဲတွေးပါ”
Log in to post a comment.
No comments yet. Be the first to comment!