မိသားစုအတွက် အရာရာဖြည့်ဆည်းပေးချင်တဲ့ဖခင်အတတ်နိုင်ဆုံးရုန်းကန်ရှာဖွေပေမဲ့ မန်နေဂျာအလုပ်ကထွက်လာပြီးဒလီလိုက်ပို့နေရတော့ ထင်သလောက်ခရီးမတွင်ခဲ့မိန်းမဖြစ်သူကိုလည်းရွှေပေါ်မြတင်ထားချင်သူကလေးတွေကိုလည်း သူတို့ပူဆာတဲ့ဖုန်းအပြင်ကိုကား ဆိုင်ကယ် လေယာဉ်ပျံထိဝယ်ပေးချင်ရှာသူပေါ့မိန်းမကအလုပ်လုပ်မယ်ဆိုတာတောင်အပြင်လောကကဘယ်လောက်ခက်ခဲကြောင်းပြောပြီးအိမ်မှာပဲအေးအေးဆေးဆေးနေခိုင်းပြီးသူတစ်ယောက်တည်းကုန်းရုန်းရှာဖွေနေတဲ့ဖခင်တစ်ယောက်ပါဒါပေမဲ့သူဒီလို ပစ္စည်းပို့နေတာကို သမီးဖြစ်သူကရှက်ပါတယ်သမီးဖြစ်သူရဲ့စာသင်ခန်းထဲမှာက ကျောင်းအုပ်ဆရာကြီးရဲ့သားရှိတယ်လေသူ့အဖေကတော့ ဒလီပို့နေတာဆိုတော့ သိပ်မကြိုက်ချင်ဘူးပေါ့ယောကျာ်းဖြစ်သူရုန်းကန်နေရတာကိုမကြည့်ရက်တဲ့မိန်းမကအလုပ်လုပ်ဖို့ကြံပါတော့တယ် ဆိုတော့ဇာတ်လမ်းကအေးအေးလေးနဲ့အဆုံးထိဆွဲဆောင်နိုင်ပါတယ်ခုခေတ်ကြုံတွေ့နေရတဲ့ ငွေကြေး မိသားစုပြဿနာတွေကိုလည်းရှုထောင့်အသီးသီးကရိုက်ပြထားတာဖြစ်လို့ မဆိုးလှတဲ့ဇာတ်ကားတစ်ကားပါပဲ
Log in to post a comment.
No comments yet. Be the first to comment!