Netflix မှ အသစ်ထွက်ရှိလာတဲ့ မင်းသမီးချောနှစ်လက်နဲ့ဟင်ဒီရုပ်ရှင်ကားလေးကို ထွက်ထွက်ချင်း တင်ဆက်ပေးလိုက်ပါတယ်ငယ်ရွယ်တဲ့အလှ- ကရီတီဆန်နွန်နဲ့ မင်းသမီးကြီး ကာဂျိုးလ်တို့နှစ်ယောက် Diwale(2015)နောက်ပိုင်း ကိုးနှစ်ကြာမှပြန်တွဲရိုက်တဲ့ ဒီရုပ်ရှင်လေးမှာဆိုရင် မင်းသမီးကြီး ကာဂျိုးလ်က တည်ငြိမ်ရင့်ကျက်တဲ့အင်စပတ်တာအရှာရှိမလေးအဖြစ်သရုပ်ဆောင်ထားပြီးကရီတီဆန်နွန်ကတော့ စရိုက်နှစ်မျိုးနဲ့ အမြွှာညီမနေရာကနေသရုပ်ဆောင်တင်ဆက်ထားပါတယ်ဗီဒ်ယာဟာ တရားသူကြီးဖခင်၊ ရှေ့နေမိခင်တို့ရဲ့ခြေရာကို လိုက်နင်းဖို့ကြိုးစားနေတဲ့အင်စပတ်တာအရာရှိမလေးတစ်ယောက်ဖြစ်ပြီးအလုပ်နဲ့ကိုယ်ရေးကိုယ်တာ နှစ်ဖက်လုံးမှာ ကိုယ်ဘဝကိုယ်အားမရဖြစ်နေသူတစ်နေ့မှာ ဘာရယ်မဟုတ် သာမန်အိမ်တွင်းအကြမ်းဖက်မှုထင်ရတဲ့ဖုန်းခေါ်ဆိုတိုင်ကြားချက်တစ်ခုကနေ စောမြနဲ့ ရှာလီဆိုတဲ့အမြွှာညီအစ်မအကြောင်းတစ်စွန်းတစ်စသိလာရတယ်အချစ်အတွက်ယှဥ်ပြိုင်ဘက်လည်းဖြစ် စရိုက်လက္ခဏာဆန့်ကျင်ဘက်ဖြစ်တဲ့ညီအစ်မနှစ်ယောက်ကြားက ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကတော့ ….
Log in to post a comment.
No comments yet. Be the first to comment!