2019 တုန်းက မင်းသားကြီးဝါကင်းဖီးနစ်ကို အော်စကာ ရစေခဲ့တဲ့Joker ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအဖြစ် ထွက်ရှိလာတဲ့ရုပ်ရှင်ဖြစ်ပါတယ်။Folie à Deux ဆိုတာကတော့ ပြင်သစ်ဘာသာဖြစ်ပြီး “နှစ်ယောက်တွဲရူးသွပ်မှု” လို့ အဓိပ္ပါယ်ရပါတယ်။ရူးသွပ်မှုတစ်ခုခုကို လူတစ်ယောက်ထက်ပိုပြီး ခံစားရတဲ့အခါ ဒီရောဂါနာမည်ကို သုံးလေ့ရှိပါတယ်။ ဒီဂျိုကာရုပ်ရှင်ကတော့ DC ရဲ့ မူရင်းစကြဝဠာမှာ မပါပါဘူး။ “DC Elseworlds” လို့ခေါ်တဲ့ အခြားစကြဝဠာတစ်ခုမှာ ဖြစ်ပျက်နေတာတွေကို ပြသထားတာ ဖြစ်ပါတယ်။မူရင်းဒါရိုက်တာ Todd Phillips ပဲ ရိုက်ကူးထားပြီး ဟာလီကွင်းနေရာမှာတော့ လေဒီဂါဂါက ပါဝင်ထားပါတယ်။ရုပ်ရှင်ကတော့ မှုခင်း ဆိုက်ကို ဒရာမာကိုမှ musical နဲ့ ရောထားတာပါ။ဒါကြောင့် Greatest Showman တို့ Les Misérables တို့လိုသီချင်းဆိုတာ ကတာတွေ ပါဝင်နေပါလိမ့်မယ်။
Log in to post a comment.
No comments yet. Be the first to comment!