ကျွန်တော်တို့ရဲ့ အချစ်တော်ဟီးရိုးကြီး ဘတ်မန်းဟာမိသားစုရေးမှာတင်မကဘဲ အချစ်ရေးမှာလည်း ကံမကောင်းခဲ့ပါဘူး။သူ့မိဘတွေရဲ့ သင်္ချိုင်းမှာဆုံတွေ့ခဲ့တဲ့သူဌေးကြီးကားလ်ဘိုးမွန့်ရဲ့သမီးဖြစ်သူအန်ဒရေရာဘိုးမွန့်နဲ့တွေ့ပြီး ချစ်ကြိုက်သွားပြီးနောက်မှာဘရု(စ်)ဝိန်းက လက်ထပ်ခွင့်ပါတောင်းခဲ့ပါတယ်။ အန်ဒရေရာကလက်ခံပြီး နောက်နေ့မှာပဲအကြောင်းအမျိုးမျိုးကြောင့်အန်ဒရေရာဟာ စာတစ်စောင်သာပေးခဲ့ပြီးပျောက်ခြင်းမလှပျောက်သွားပါတော့တယ်။ဒါပေမဲ့ ငါးနှစ်ကြာတဲ့အခါမှာ အန်ဒရေရာဟာဂေါ့သမ်မြို့ထဲကိုပြန်ရောက်လာခဲ့ပေမဲ့ ပြဿနာတွေပါ ပါလာခဲ့ပါတယ်။အဲဒီပြဿနာတွေဟာ အန်ဒရေရာနဲ့တင်မကဘဲဂျိုကာနဲ့ပါဘယ်လိုဆက်စပ်နေတယ်ဆိုတာကိုတော့ပရိသတ်ကြီးတို့ စောင့်မျှော်ကြည့်ရှုလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်ဗျာ။
Log in to post a comment.
No comments yet. Be the first to comment!