ဘရိန်းနီးရာ့ခ်တစ်ယောက် ကမ္ဘာကိုတဖန်ပြန်ရောက်လာခဲ့ပြီး လက်စ်လူသာ ပိုင်ဆိုင်တဲ့လက်စ်ဓာတ်ခွဲခန်းတစ်ခုကို အနုကြမ်းဝင်စီးခဲ့ပါတယ်။ဓာတ်ခွဲခန်းမှာရှိသမျှ အသိဉာဏ်တွေအားလုံးကို စုပ်ယူနေတဲ့အချိန်မှာ စူပါမန်းရောက်လာပြီးဘရိန်းနီးရာ့ခ်ကိုအနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း စူပါမန်းမသိခဲ့တာက ဘရိန်းနီးရာ့ခ်ရဲ့အစိတ်အပိုင်းလေးတစ်ခုကျန်ခဲ့တယ်ဆိုတာပါပဲ။အဲဒါကိုပထမဦးဆုံးမြင်ခဲ့တဲ့လူကတော့ လက်စ်လူသာဖြစ်ပါတယ်။လက်စ်လူသာဟာလည်းခေသူမဟုတ်တော့ ဘရိန်းနီးရာ့ခ်ကိုအသက်ပြန်သွင်းခဲ့ပြီးအရင်ကထက်ပိုကောင်းတဲ့ ဝတ်စုံတစ်ခုကိုပေးခဲ့ပါတယ်။နောက်ထပ်ကျန်ခဲ့တဲ့အရာတစ်ခုကတော့ စူပါမန်းရဲ့ ဒီအန်အေပဲဖြစ်ပါတယ်။လက်စ်လူသာနဲ့ ဘရိန်းနီးရာ့ခ်တို့နှစ်ယောက်လက်တွဲပြီး စူပါမန်းကိုဘယ်လိုမျိုးတိုက်ခိုက်မှာလဲ။ကမ္ဘာကိုအုပ်စိုးချင်နေတဲ့လူနှစ်ယောက်လက်တွဲလိုက်ခြင်းက မက်ထရိုပိုလစ်မြို့ကိုရော၊ကမ္ဘာကိုရော ဘယ်လောက်ထိ အန္တရာယ်များစေလဲ။
Log in to post a comment.
No comments yet. Be the first to comment!