ဝေါလ်ဒန်ဆိုသူကတော့ တရားရုံးမှာ ကြားနာသမျှအမှုတွေကိုလက်ရေးတိုစက်လေးနဲ့ မှတ်တမ်းတင်ရေးမှတ်ရတဲ့ လက်ရေးတိုသမားလေးပေါ့…။ဒီအလုပ်ကို ၁၄နှစ်လုံးလုံးလုပ်လာခဲ့ပြီး တရားခွင်မှာ ဘယ်လိုပြစ်ဒဏ်တွေပဲချမှတ်ချမှတ်၊ တရားခံကပဲလွတ်သွားသွား၊ သူ့တာဝန်က ရေးမှတ်နေဖို့ပါပဲ…။တကယ်တမ်း အပြစ်ရှိတဲ့သူတွေ ပြစ်ဒဏ်ကျခံရတာလည်းမြင်ရသလိုရက်စက်ပါပေ့ဆိုတဲ့ ရာဇဝတ်သားတွေ ကွင်းလုံးကျွတ်လွတ်သွားတာလည်းမြင်တွေ့ဖူးသူပါ ဒီလိုသာမန်ဘဝကို ဖြတ်သန်းရင်းနဲ့ ဝေါလ်ဒန်ဟာ ဦးနှောက်အကျိတ်ဝေဒနာကိုခံစားရပြီး သေဆုံးရမယ့်ရက်ကိုနီးလာခဲ့ပါတယ်…။ဘဝမှာ လက်ရေးတိုရေးတာကိုသာ စွဲစွဲမြဲမြဲလုပ်ခဲ့ပြီး အခြားဘာတစ်ခုမှထူးထူးခြားခြားမလုပ်ဖူးခဲ့တဲ့ ဝေါလ်ဒန်တစ်ယောက် သေခါနီးပြီဆိုတာသိလိုက်တော့ အသစ်အဆန်းတစ်ခုကို လက်တည့်စမ်းမိသွားပါတယ်…။အဲ့ဒါကတော့ ရာဇဝတ်သားတွေကို သူတို့ပြစ်မှုအတိုင်းခံစားရအောင်တိတ်တဆိတ်လက်တုန့်ပြန်တာပါပဲ…။သေခါနီးလူတစ်ယောက်မို့ ဘာမှကြောက်စရာမရှိတဲ့ ဝေါလ်ဒန်ဟာတရားခွင်ကလွတ်သွားတဲ့ရာဇဝတ်သားတွေကို ဘယ်လိုပြစ်ဒဏ်တွေလိုက်ပေးမလဲဆိုတာကိုမြင်တွေ့ရမယ့် Thrillerကားလေးတစ်ကားဖြစ်ပါတယ်
Log in to post a comment.
No comments yet. Be the first to comment!