ဒီတစ်ခါတော့ Justice League အဖွဲ့ဝင်တွေဟာ 2000 ခုနှစ်လောက်မှာရှိခဲ့ကြတာမဟုတ်တော့ဘဲ ဒုတိယကမ္ဘာစစ်မပြီးခင် 1940 ဝန်းကျင်မှာ ရှိခဲ့တာပါ။အဖွဲ့ဝင်တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူညီမှုတွေကြောင့်Justice League ဆိုတာဖြစ်မလာသေးဘဲ တစ်နေရာဆီ ကွဲနေကြပါတယ်။အမေရိကန်တွေဘက်ကနေ ရပ်တည်တဲ့ Superman, ဒုတိယကမ္ဘာစစ်အတွင်းမှာညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရတဲ့ ဗီယက်နမ်တွေဘက်က ရပ်တည်တဲ့ Wonder Woman,အမေရိကန်အစိုးရရဲ့လုပ်ရပ်ကို လက်မခံလို့ ဝရမ်းပြေးဖြစ်နေတဲ့ Batman,ရာဇဝတ်သားတွေကို တစ်ကိုယ်တော်လိုက်ဖမ်းပေးနေတဲ့ Flash,ဒုတိယကမ္ဘာစစ်မှာဝင်တိုက်ပေးပြီး စိတ်ဒဏ်ရာအကြီးအကျယ်ရသွားတဲ့ Green Lantern နဲ့အခုမှ ကမ္ဘာပေါ်ကိုရောက်လာပြီး လူသားတွေအကြောင်းသိဖို့ကြိုးစားနေတဲ့Martian Manhunter တို့ဟာ ကမ္ဘာပေါ်က လူတွေအားလုံးကိုသတ်မယ့်ရန်သူတစ်ကောင်ကို တိုက်ရဖို့ အကြောင်းဖန်လာပါတယ်။အဲဒါကတော့ ကမ္ဘာကြီးနဲ့အသက်အတူတူလောက်ရှိတဲ့ဗဟို (The Centre) လို့ခေါ်တဲ့ သတ္တဝါကြီးတစ်ကောင်ကြောင့်ပါပဲ။တခြားအပြိုင်စကြာဝဠာဇာတ်လမ်းမျိုးမဟုတ်ဘဲစစ်ပွဲပြီးတဲ့အချိန်မှာ Justice League အဖွဲ့ဝင်တွေ ပေါ်ပေါက်လာခဲ့ရင်ဘယ်လိုကွဲပြားသွားမယ်၊ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကိုဖော်ပြရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။
Log in to post a comment.
tedd
hacked
hacked
test