ပထမတွဲမှာ ဆုံတွေ့ခဲ့တဲ့ ယုံကျိုးက မြွေဖမ်းသမားလေး အားရွှမ်းကတော့ ရှောင်ပိုင်အတွက် အသက်စတေးခဲ့တယ်…ဒုတိယတွဲမှာ သူ့မမ မြွေဖြူမလေးကို ရှာပုံတော်ထွက်တဲ့ ရှောင်ချင်းနဲ့ ရှောင်ပိုင် ပြန်ဆုံစည်းခဲ့တယ်… ဒီတတိယတွဲမှာ မဆုံးသေးတဲ့ အားရွှမ်းရှာပုံတော်ကို မြွေဖြူမလေးက ဆက်ဖွင့်ခဲ့ပါတယ်… ကျောက်စိမ်းဆံထိုးလေးရဲ့ လမ်းပြမှုကြောင့် စေတနာသမားတော်လေး ရွှီရှန်းနဲ့ ဆုံတွေ့ခဲ့ပြီး… မြင်လျှင်မြင်ချင်း လွန်ခဲ့တဲ့ နှစ် ၅၀၀ က အားရွှမ်းဆိုတာကို သိခဲ့တယ်…ဖူးစာလူးလာ ဒူးကာမရဆိုသလို မြင်မြင်ချင်းပဲ ချစ်မိတယ် ဖြစ်သွားတဲ့ရွှီရှန်းဟာဆိုရင် သူ့ပိုင်မိန်းကလေးကို ဇနီးမယားဖြစ်လက်ထပ်ယူဖို့ ခဲအိုနဲ့ မိတ်ဆက်ပေးပြီး အကြင်လင်မယားဖြစ်သွားခဲ့တယ်… နောက်တော့ အားလုံးသိတဲ့အတိုင်း ရွာထဲ ပလိပ်ရောဂါတွေ စဖြစ်လာပြီး ရွှီသမားတော်က ဆေးဖော် ဆေးရှာ ဆေးကုနဲ့ အလုပ်များသလို ပါရမီဖြည့်ဖက် မြွေဖြူမလေးလည်း တတ်စွမ်းတဲ့ဖက်က ကူခဲ့ပါတယ်…နောက်တော့ … ဖာဟိုင်နဲ့ တွေ့ရမှာပေါ့… ဘယ်လိုတွေ့မလဲ… ရွှီရှန်းကရော မူရင်းဝတ္ထုထဲကလိုမျိုး မြွေဖြူမလေးကို ရိုက်သတ်မှာလား… ဇာတ်လမ်းတွေထဲကလိုမျိုး ကာကွယ်မှာလား… ဖာဟိုင်ကရော ရှောင်ချင်းနဲ့ မေတ္တာမျှမှာလား… ဒါမှမဟုတ် ထန်စန်းကိုယ်တော်လိုမျိုး မေတ္တာရှေ့ထား မိစ္ဆာတိုင်းကိုသနားပြီး လွှတ်ပေးတတ်တဲ့ မေတ္တာရှင်ဖြစ်မှာလား… အတူတူကြည့်ပြီး မျှဝေကြတာပေါ့
Log in to post a comment.
test
test