ဒီဇာတ်ကားလေးကတော့ အသစ်ထွက်ရှိထားတဲ့ Animation Comedy ကားလေးဖြစ်ပါတယ်။မိသားစုနဲ့အတူဖြစ်စေ ကလေးငယ်လေးတွေအကြိုက်ဖြစ်စေ အပျော်သက်သက် ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ ဟစ်ပစ်ဆိုတဲ့ ကြေးစားမုဆိုးဝက်ကလေးတစ်ကောင်ကပိုင်ရှင်ဆီကနေ ထွက်ပြေးသွားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ပြန်လိုက်ဖမ်းပြီး ပို့ပေးကာ ပိုက်ဆံရှာနေတဲ့ကောင်လေးဖြစ်ပါတယ်။တစ်နေ့မှာတော့ ငယ်ငယ်ကတည်းက ပြဇာတ်ရုံမှာအဖမ်းခံထားရတဲ့ ပစ်ကယ်ဆိုတဲ့ဆင်မလေး လွတ်မြောက်သွားတဲ့အခါဆင်မလေးကိုပြန်ဖမ်းပြီးပို့ပေးဖို့အတွက် ပိုင်ရှင်ဖြစ်သူက ဟစ်ပစ်ကိုအလုပ်အပ်လိုက်ပါတယ်။ဒီလိုနဲ့ ဟစ်ပစ်ဟာ ဆင်မလေးကိုလိုက်ရှာဖို့အတွက် မစ်ရှင်တစ်ခုကိုစတင်လိုက်ပါတယ်။ဒီဇာတ်လမ်းမှာတော့ ဒီတိရစ္ဆာန်ကောင်လေးတွေကြားက အလွဲအချော်လေးတွေ၊ ဟာသလေးတွေကိုပျော်ပျော်ပါးပါးနဲ့ရယ်မောရင်းကြည့်ရမယ့် ကြည့်ပျော်ရှုပျော်ရှိတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!